Savour the excellence of Our Hospitality
Since 2011

4 Days

ဒူဘိုင်းအထူးသီးသန့် ခရီးစဉ်

Tour Code:   ဒူဘိုင်း 0){?>     Price From: USD 0

Day 1။ ဒူဘိုင်းနိုင်ငံသို့ ဆိုက်ရောက်ပြီး ဟိုတယ်သို့ ပို့ ဆောင်ခြင်း

ရန်ကုန်မှ ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီး ကုမ္ပဏီဝန်ထမ်းမှ “Myanmar Escapade Travel & Tours Co.,Ltd” ဆိုင်းဘုတ်ကိုကိုင်၍ကြိုဆိုပါမည်။ ပြီးနောက် ဟိုတယ် သို့  Check In ၀င်ပါမည်။ ကျန်ရှိသောအချိန်မှာ မိမိကိုယ်ပိုင် အနားယူချိန်ဖြစ် ပြီး ဟိုတယ် တွင်အိပ်စက်အနားယူပါမည်။

Day 2။ ဒူဘိုင်းမြို့ တွင်း နေ့ ဝက်ခရီးစဉ်နှင့် Dhow Cruise ညစာ အစီအ စဉ် (နံနက်စာ ၊ ညစာ)

နံနက်စာသုံးဆောင်ပြီးနောက် နေ့ ဝက်ခရီးစဉ်အဖြစ် ရှေးဟောင်း ဒူဘိုင်း မြို့ တော်မှ ခေတ်သစ်ဒူဘိုင်းမြို့  တော်ဆီသို့  ပြောင်းလဲလာ သောသမိုင်းဝင် ဒူဘိုင်းမြို့ ကိုလှည့် လည်ကြည့်ရှုပါမည်။ Burj Al Arab တွင်လှပသော လျှပ်တစ်ပြက် ဓာတ်ပုံ ရိုက်ချက် များနှင့် Jumeriah မြင်ကွင်းများဖြင့်ခရီးစဉ်ကိုစတင်ပါမည်။ ပြီးနောက် စိတ်ကူးယဉ်ဆန်၍ ရာဇ၀င်တွင်သော “Dubai Creek” (Dubai မြစ်ချောင်းငယ်) , Dubai ပြတိုက်နှင့် “Abra” (ခေါ်) Water Taxi ဖြင့်မြစ်ချောင်း ၏ အခြား တစ်ဘက်ကမ်းကို မြင်တွေ့  ခံစားနိုင်ပါသည်။ ထူးခြားဆန်းပြားသည့် ရနံ့  အရသာ ရှိသော ဟင်းခတ်အမွှေးအကြိုင်များနှင့် ရွှေထည် ပစ္စည်း များ ရောင်းချရာ ရိုးရာ ဈေးဆိုင် တန်းများကို လှည့်လည်ကြည့်ရှုပြီးနောက် ဟိုတယ် တွင် အနားယူပါမည်။
ည (၇) နာရီခန့် တွင်ဟိုတယ်မှ Dhow Cruise စီး၍ Bur Dubai မြစ်ချောင်း အတွင်းလှည့်လည်ကြည့်ရှု ပါမည်။ ယင်းခရီးစဉ် တွင် ပါဝင်မှုများမှာ Dubai မြစ်ချောင်း အတွင်း (၂) နာရီကြာအပျော်စီးသင်္ဘောစီးခြင်း ၊ ရေသန့် ၊ အချိုရည် ၊ လက်ဖက်ရည် ၊ ကော်ဖီ နှင့် International ဘူဖေးညစာ ၊ သင်္ဘောအတွင်းခန်းတွင် Air con အပြည့် ပါရှိခြင်း ၊ သင်္ဘောအပေါ်ပိုင်းတွင်လေသာဆောင်စနစ် ၊ လုံခြုံရေး စနစ် နှင့်အရေး ပေါ်ဆေး သေတ္တာ ပါရှိခြင်းတို့ ဖြစ်သည်။ ဟိုတယ်သို့ ပြန်လည်ရောက်ရှိပြီး အိပ်စက် အနား ယူပါမည်။

Day 3။ ကန္တာရတောလည်ခရီးစဉ်နှင့်အတူ BBQ ညစာနှင့် အရှေ့  အလယ် ပိုင်းနိုင်ငံ၏ ဗိုက်သားလှုပ်အက

နံနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင်အနားယူအပန်းဖြေချိန် ဖြစ်သည်။ မွန်းလွဲ ၃ နာရီတွင်လေးယောက်စီး တောလည်ဇိမ်ခံကားဖြင့် သဲကန္တာရ ခရီးစဉ်ကို အတွေ့  အကြုံသစ်ခံစားရန်အတွက် ထွက်ခွာပါမည်။ သဲကန္တာရအတွင်း တစ်နေရာ (သို့ မဟုတ်) နှစ်နေရာရပ်နား၍ ဓာတ်ပုံ မှတ်တမ်း ရိုက်နိုင်ပါသည်။
နေ၀င်ပြီးနောက် အပျော်ခရီးစဉ်အတွက် စတည်းချရာနေရာသို့ ရောက်ရှိပြီး အာရပ်ရိုးရာဓလေ့များ လွှမ်းခြုံနေသော အာရပ်ကော်ဖီ ၊ ရနံ့ မွှေးသောရေပိုက်ဖြင့် အနံ့ ရှုခြင်း (Shisha), နီညိုရောင်ဆေးရောင်ခြယ် တက်တူးထိုးခြင်းများကို တောက် ပသော အာရေဗျ၏ လရောင်အောက်တွင်တွေ့ ရှိရပါမည်။ ကြယ်များ စုံလင် သည့် ကောင်းကင် အောက် တွင် BBQ ညစာကို သုံး ဆောင်ရင်း ဗိုက်သားလှုပ်အကကို ကြည့်ရှု ခံစားရပါမည်။ ဟိုတယ်သို့ ပြန်လည်ပို့ ဆောင်ပြီးနောက် ဟိုတယ်တွင်အိပ်စက် အနားယူပါမည်။

Day 4။ ပြန်လည်ထွက်ခွာရန်အတွက်ဟိုတယ်သို့ ပို့ ဆောင်ခြင်း (နံနက်စာ)

နံနက်စာသုံးဆောင်ပြီးနောက် ကိုယ်ပိုင်နားနေချိန်ဖြစ်သည်။ ထိုမှတစ်ဆင့်ဒူဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့  ဆောင် ပါ မည်။

You May Also Like

Whatever the case is, our team will start crafting a customised trip based on your personal interests and style. Let us know!

Top