Savour the excellence of Our Hospitality
Since 2011

5 Days

ဟိုချီမင်း

Tour Code:   ရန်ကုန် - ဟိုချီမင်း - Cu Chi Tunnels - မဲခေါင်မြစ်ဝှမ်း 0){?>     Price From: USD 0

ဟိုချီမင်း မြို့တော်၏ သိကောင်းစရာများ

ဟိုချီမင်း မြို့တော်သည် တောင်ပိုင်း တွင် တည်ရှိပြီး တိုင်းပြည်၏ အကြီးဆုံးမြို့တော်ဖြစ်ပြီး စီးပွားရေးဗဟိုမြို့တော်ဖြစ်သည်။ ယခင်က Saigon ဟုခေါ်သော ထိုမြို့တော်သည် တစ်နှစ်ပတ်လုံး သာယာသော ရာသီဥတုဖြင့် အားလပ်ရက်များကို ဆွဲဆောင်နေသောကြောင့် ကျော်ကြားသည်။ ထို့ပြင် ၎င်းသည် ရာနှင့်ချီသောဈေးဝယ်စင်တာများ၊ ကုန်သွယ်ရေးစင်တာများ၊ ဖျော်ဖြေရေးနေရာများနှင့် သဘာဝအခြေခံ ခရီးသွားနေရာများ၏ ဌာနေလည်းဖြစ်သည်။ ကူချီလိုဏ်ခေါင်းများ၊ ပြတိုက်များ၊ ဂူဘုရားများ၊ အနောက်တိုင်း၊ တရုတ်နှင့် ဗီယက်နမ်တို့၏ ဗိသုကာများကို အချိုးကျနစွာ ပေါင်းစပ်ထားသည့် လှပသော အဆောက်အဦးများ၏ သမိုင်းဝင်ဌာနေနှင့် ယဉ်ကျေးမှုတို့၏ ဌာနေလည်းဖြစ်သည်။ သမိုင်းဝင်နှစ် ၃၀၀ ကို ဖြတ်သန်းပြီးနောက် ဗီယက်နမ်၏ ယဉ်ကျေးမှု အမွေအနှစ်များကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး ရှေ့သို့ တိုးတက်နေသောမြို့ တော်ဖြစ် ပါသည်။

ပထမနေ့။ ။ ရန်ကုန် - ဟိုချီမင်း ( သင်္ဘောပေါ် ညစာ )

ဟိုချီမင်းမြို့သို့ Vietjet လေယာဉ်ဖြင့် ညနေ ၃ နာရီ ၄၅ မိနစ်တွင်ရောက်ရှိမှာဖြစ်ပါတယ်။ ဗီယက်နမ် လမ်းညွှန်မှ လေဆိပ်တွင် လာရောက်ကြိုဆိုပြီး အဆင်သင့်စီစဉ်ထားသော သီးသန့်ကားဖြင့် ဟိုတယ်သို့ ပို့ဆောင်မှာ ဖြစ်ပါတယ်။ ဟိုတယ်တွင် check in ဝင်ပြီး ကိုယ်လက် သန့်စင်ပြီးနောက် Sai Gon မြစ်ထဲသို့ သင်္ဘောစီးပြီး ညစာကို သင်္ဘောပေါ်တွင် သုံးဆောင်မှာ ဖြစ်ပါတယ်။ ထို့နောက် Ben Thanh ညဈေးတွင် လှည့်လည် ကြည့်ရှုပြီး ဟိုတယ်တွင် အိပ်စက်အနားယူမှာ ဖြစ်ပါတယ်။

ဒုတိယနေ့။ ။ Cu Chi Tunnels မြေအောက်လှိုဏ်ခေါင်း လေ့လာရေး ခရီးစဉ်

ဟိုတယ်တွင် နံနက်စာ စားသုံးပြီးနောက် ဟိုချီမင်းမှ ၇၀ ကီလိုမီတာကွာဝေးသော နေရာသို့သွားရောက်လည်ပတ်မှာ ဖြစ်ပါတယ်။ လွန်ခဲ့သော နှစ် ၃၀ ခန့်က ဗီယက်နမ် - အမေရိကန် စစ်အတွင်းတွင် အလွန်အရေးပါသောကဏ္ဍမှ ပါဝင်သော လှိုဏ်ခေါင်းတစ်ခုဖြစ်သည့် ကူချီလှိုဏ်ခေါင်း( Cu Chi Tunnels ) ကိုကြည့်ရှုပြီး နေ့လည်စာကို စားသောက်ဆိုင်တွင် သုံးဆောင်မှာဖြစ်ပါသည်။ ထို့နောက် စစ်အကြွင်းကျန်ပြတိုက် ( War Remnant museum), ဗဟိုစာတိုက်(Central Post Office) ၊ရှေးကျသောပြင် သစ်ဘုရားကျောင်း(NotreDame Cathedral ) သို့ သွားရောက်လည်ပတ်ပါမည်။ပြန်လည်ပေါင်းစည်းရေး နန်းတော်ဧ။် အပြင်ဘက်နှင့် Opera ပြဇာတ်ရုံသို့ ဓာတ်ပုံရိုက်သွားရောက်လည်ပတ်ပါမည်။ Saigon Square, Ben Thanh ရောင်စုံဈေး နဲ့  Takashimaya Shopping Mall များသို့ ဈေးဝယ်ထွက်လည်ပတ်ပါမည်။ ထို့ နောက် စားသောက်ဆိုင်တွင် ညစာသုံးဆောင်ပြီး ဟိုတယ်သို့ ပြန်ပြီးအိပ်စက်အနားယူပါမည်။

တတိယနေ့။ ။ မဲခေါင်မြစ်ဝှမ်းလေ့လာရေးခရီးစဉ်

ဟိုတယ်တွင် နံနက်စာ စားပြီးနောက် ဟိုချီမင်းမှ My Tho သို့၂နာရီကြာမောင်းနှင်ပြီး မဲခေါင်မြစ်ဝှမ်းမှာရှိတဲ့  ကျွန်းသို့ လည်ပတ်မှာဖြစ်ပါတယ်။ ထို့ နောက် Vinh Trang ဘုရားသို့ လည်ပတ်ပြီးနောက် Thein မြစ်ကို စက်လှေမော်တော်ဘုတ်များဖြင့် ဖြတ်ပြီး Thoi Son Islet သို့ အပျော်ခရီးထွက်ပါမည်။ အဲဒီ ခရီးစဉ်မှာ My Tho ငါးဖမ်းရွာ ၊ ရေပေါ်ငါးမွေးမြူရေး စခန်းများနှင့် လှပသောသစ်သီးစိုက်ခင်းများကိုကမ်းနားမြစ်ဝှမ်းတစ်လျှောက်မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ပြီးနောက် ရွာလမ်းထဲသို့် လမ်းလျှောက်လည် ပတ်နေရင်း အပူပိုင်းသစ်ခွစိုက်ခင်းများ၊ပျားမွေးမြူရေးခြံများသို့ သွားရောက်လည်ပတ်ပြီး အရသာရှိသော သဘာဝပျားရည်နဲ့ ပျားရည်ဝိုင်ကို မြည်းစမ်း နိုင်ပါတယ်။ ဒါအပြင် အရသာရှိလှသော သဘာဝ သစ်သီးများကို သုံးဆောင်နေရင်း ကျေးလက်ရိုးရာသီချင်းကို နားဆင်ပြီး အပန်းဖြေနိုင်ပါတယ်။ ပြီးနောက် အုန်းသီးချိုချဉ် ထုတ်လုပ်ပုံအဆင့်ဆင့်ကို သွားရောက်စူးစမ်းလေ့လာပြီး ချိုချဉ်များနှင့် အုန်းသီး များ၏အရသာကို မြည်းစမ်း စားသောက်နိုင်ပါတယ်။ ထို့ နောက် မြစ်ချောင်းငယ်များတလျှောက် လှေငယ်များဖြင့်ကိုယ်တိုင်လှော်ခတ်ပြီး လည်ပတ် ကြည့်ရှုနိုင်ပါတယ်။ မဲခေါင်ရဲ့ နာမည်ကြီးအကောင်းဆုံးအစားစာဖြစ်တဲ့ ဆင်နားရွက်ငါးကြော် နဲ့ ထမင်းလုံးကြော် တို့ ကို အုန်းပင်များ၇ဲ့ အရိပ်အောက်မှာ နေ့ လည်စာ သုံးဆောင်မှာ ဖြစ်ပါတယ်။ နေ့ လည်စာသုံးဆောင်ပြီးနောက် ဟိုချီမင်းသို့  ပြန်ပြီး အနား ယူမှာဖြစ်ပါတယ်။ ညစာကို ဟိုချီမင်းမြို့ တွင်စားသောက်ပြီး ဟိုတယ်သို့ ပြန်လည်အိပ်စက်အနားယူမှာဖြစ်ပါတယ်။

စတုတ္ထနေ့။ ။ ဟိုချီမင်း - ရန်ကုန်

ဟိုတယ်တွင် နံနက်စာ သုံးဆောင်အနားယူပြီးနောက် ဟိုချီမင်းလေဆိပ်မှ ရန်ကုန်မြို့ သို့ ပြန်လည်ထွက်ခွာလာမှာဖြစ်ပြီး ခရီးစဉ် ပြီးဆုံး မှာဖြစ်ပါတယ်။

You May Also Like

Whatever the case is, our team will start crafting a customised trip based on your personal interests and style. Let us know!

Top